နီပေါ-တရုတ်နယ်စပ်တွင် ရေခဲတောင်ပြိုကျမှု၊ဥမင်အတွင်း ပိတ်မိနေသော ရာနှင့်ချီသည့် အလုပ်သမားများကို အသက်လုကယ်ဆယ်နေရ(update)
- ပြီးခဲ့သည့် ဩဂုတ်လ ၂၆ ရက်နေ့ မနက်ပိုင်းက တရုတ်-နီပေါ နယ်စပ် ဟိမဝန္တာတောင်တန်းမှာ ရေခဲတောင်ပြိုကျရာကနေ ဖြစ်ပေါ်လာတဲ့ ရေကြီးရေလျှံမှုကြီးကြောင့် နီပေါတစ်ဝှမ်းက ရေအားလျှပ်စစ်စီမံကိန်းတွေမှာ အလုပ်လုပ်နေတဲ့ ဝန်ထမ်း ၉၀၀ နီးပါး ပျောက်ဆုံးနေပြီး၊ ရာနှင့်ချီတဲ့ အလုပ်သမားတွေ ဥမင်လိုဏ်ခေါင်းတွေထဲမှာ ၃ ရက်ကျော်ကြာ ပိတ်မိနေပါတယ်။ *ကယ်ဆယ်ရေးတွင် အလင်းရောင်သဲ့သဲ့* အဓိက ကယ်ဆယ်ရေးကို Trishuli မြစ်တစ်လျှောက်က Trishuli 3A နှင့် 3B စီမံကိန်းတွေမှာ အဓိကထား လုပ်နေပါတယ်။ နီပေါ စစ်တပ်က စနေ့ညပိုင်းမှာ Trishuli 3A ဥမင်ရဲ့ အပေါ်ပိုင်းကို drill နဲ့ ဖောက်ထွင်းနိုင်ခဲ့ပြီး၊ ပိုက်ငယ်လေးကနေ လေထိုးသွင်းပေးခြင်းနဲ့ ကင်မရာထည့်ပြီး အတွင်းပိုင်းကို စစ်ဆေးခြင်းတွေ စတင်နေပါပြီ။ နီပေါ ပြည်ထဲရေးဝန်ကြီး Sudan Gurung က "အပေါက်သေးသေးကနေ လေစတင်ပေးနေပြီ၊ အခု တူးဖော်ရေးလုပ်ငန်းနဲ့ ကယ်ဆယ်ရေးအဖွဲ့ကို အတွင်းထဲဝင်ဖို့ ပြင်ဆင်နေပါတယ်" လို့ ထုတ်ပြန်ထားပါတယ်။ အစိုးရရဲ့ ထုတ်ပြန်ချက်အရ ဥမင်ထဲမှာ လူ ၁၀၀ ကျော် အသက်ရှင်လျက် ကျန်နေနိုင်သေးတယ်လို့ ယူဆထားပါတယ်။ သောကြာနေ့အထိ အစိုးရစာရင်းအရ ပျောက်ဆုံးနေတဲ့ ရေအားလျှပ်စစ် ဝန်...